Sunday, November 21, 2010
တော်လှန်ရေးကဗျာ
တော်လှန်ရေးကဗျာ
အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။
တချို့တွေကလည်း ပြောပြန်တယ်
တော်လှန်ရေးဟာ အပြားကြွယ်တယ်
ဒါကြောင့် အပြားလိုက်ပဲ ဖြစ်သင့်တယ်..။
တချို့ကတော့ ဆိုကြပါတယ်
တော်လှန်ရေးဆိုတာ အလျားကျယ်တယ်
ဒီအတွက် အလျားလိုက်ပဲ တော်လှန်သင့်တယ်..။
တချို့ကတော့ အမြင်ကတစ်မျိုး
တော်လှန်ရေးဆိုတာ အစဉ်အဆက်ပါ
ဒါကြောင့် စဉ်ဆက်မပြတ်တော်လှန်ရေးပဲကောင်းတယ်..။
တချို့တွေကတော့ အဆန်းဆိုတယ်
တော်လှန်ရေးဆိုတာ စက်ဝိုင်းပဲ
ဒီတော့ ပတ်ချာလည်တော်လှန်ဖို့ အားပေးပြန်တယ်..။
တချို့ကလည်း နှိုင်းယှဉ်ပြတယ်
တော်လှန်ရေးဆိုတာ အနုပညာပဲတဲ့
ဒါကြောင့် အနုပညာဆန်ဆန်တော်လှန်မယ်...။
တချို့ကတော့ ဒီလိုဖွင့်ဆိုတယ်
တော်လှန်ရေးဆိုတာ ကွင်းဆက်တွေ
ကွင်းဆက်တွေ ဆက်ပြီးတော်လှန်ကြမယ်..။
တချို့ကလည်း အတတ်ဟောတယ်
တော်လှန်ရေးဆိုတာ သိပ္ပံပဲ..
ဒီတော့ သိပ္ပံနည်းကျ တော်လှန်ရေးကို ချဉ်းကပ်စို့..။
တချို့ကလည်း တမျိုးတွေးကြတယ်
တော်လှန်ရေးဆိုတာ ချီတက်တာ
ချီတက်ရင်းတော်လှန်၊ တော်လှန်ရင်းချီတက်မယ်..။
တချို့ကတော့ နဲနဲဝင်ပြောတယ်
တော်လှန်ရေးဆိုတာ သချာင်္ပဲ
ဒါကြောင့် ပုစ္ဆာတစ်ပုဒ်ကစပြီး တော်လှန်တယ်..။
ဒါပေမယ့်...... အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။
လဂွန်းအိန်/မျိုးသက်ပိုင်
Posted by
Zaw Myo Lwin
at
9:43 AM
Labels:
burma,
burmese,
myanmar,
poem,
ကဗျာ,
ဗမာ,
မျိုးသက်ပိုင်,
မြန်မာ,
လဂွန်းအိမ်


Subscribe to:
Post Comments (Atom)
No comments:
Post a Comment