Sunday, November 21, 2010
တော်လှန်ရေးကဗျာ
တော်လှန်ရေးကဗျာ
အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။
တချို့တွေကလည်း ပြောပြန်တယ်
တော်လှန်ရေးဟာ အပြားကြွယ်တယ်
ဒါကြောင့် အပြားလိုက်ပဲ ဖြစ်သင့်တယ်..။
တချို့ကတော့ ဆိုကြပါတယ်
တော်လှန်ရေးဆိုတာ အလျားကျယ်တယ်
ဒီအတွက် အလျားလိုက်ပဲ တော်လှန်သင့်တယ်..။
တချို့ကတော့ အမြင်ကတစ်မျိုး
တော်လှန်ရေးဆိုတာ အစဉ်အဆက်ပါ
ဒါကြောင့် စဉ်ဆက်မပြတ်တော်လှန်ရေးပဲကောင်းတယ်..။
တချို့တွေကတော့ အဆန်းဆိုတယ်
တော်လှန်ရေးဆိုတာ စက်ဝိုင်းပဲ
ဒီတော့ ပတ်ချာလည်တော်လှန်ဖို့ အားပေးပြန်တယ်..။
တချို့ကလည်း နှိုင်းယှဉ်ပြတယ်
တော်လှန်ရေးဆိုတာ အနုပညာပဲတဲ့
ဒါကြောင့် အနုပညာဆန်ဆန်တော်လှန်မယ်...။
တချို့ကတော့ ဒီလိုဖွင့်ဆိုတယ်
တော်လှန်ရေးဆိုတာ ကွင်းဆက်တွေ
ကွင်းဆက်တွေ ဆက်ပြီးတော်လှန်ကြမယ်..။
တချို့ကလည်း အတတ်ဟောတယ်
တော်လှန်ရေးဆိုတာ သိပ္ပံပဲ..
ဒီတော့ သိပ္ပံနည်းကျ တော်လှန်ရေးကို ချဉ်းကပ်စို့..။
တချို့ကလည်း တမျိုးတွေးကြတယ်
တော်လှန်ရေးဆိုတာ ချီတက်တာ
ချီတက်ရင်းတော်လှန်၊ တော်လှန်ရင်းချီတက်မယ်..။
တချို့ကတော့ နဲနဲဝင်ပြောတယ်
တော်လှန်ရေးဆိုတာ သချာင်္ပဲ
ဒါကြောင့် ပုစ္ဆာတစ်ပုဒ်ကစပြီး တော်လှန်တယ်..။
ဒါပေမယ့်...... အားလုံးက ပြောကြတယ်
ဒို့တွေဟာ တော်လှန်ရေးသမားတွေ..တဲ့
တော်လှန်စရာမရှိရင် ကိုယ့်ကိုယ်ကိုပြန်တော်လှန်ရမယ်..။
လဂွန်းအိန်/မျိုးသက်ပိုင်
Posted by
Zaw Myo Lwin
at
9:43 AM
0
comments
Labels:
burma,
burmese,
myanmar,
poem,
ကဗျာ,
ဗမာ,
မျိုးသက်ပိုင်,
မြန်မာ,
လဂွန်းအိမ်


Saturday, September 25, 2010
မှာပါရစေ ပြောပါရစေ
ဦးမိုးဟိန်း (သားဂျာနယ်ကျော်) ၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ရက်တွင် ကွယ်လွန်သည်။
မှာပါရစေ ပြောပါရစေ
(၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။
မိုးးဟိန်း (သားဂျာနယ်ကျော်)
၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ရက်တွင် ကွယ်လွန်သည်။
(၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ နောက်ဆုံးရေးခဲ့သည့်ကဗျာ)
(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ တွင် ဖော်ပြပါရှိခဲ့ပါသည်။)
Posted by
Zaw Myo Lwin
at
3:11 PM
0
comments
Labels:
burma,
burmese,
myanmar,
son journal kyaw,
u moe hein,
ဗမာ,
မြန်မာ,
သားဂျာနယ်ကျော်,
ဦးမိုးဟိန်း


Monday, July 5, 2010
နှစ်ဘဝစာ အလွမ်း
A condom delivery service in Mexico
နှစ်ဘဝစာ အလွမ်းမင်းယဉ်ပါးနေတဲ့
ခြံခုန်တမ်းကစားနည်းမှာ
စည်းရိုးတခုငါ မဖြစ်ပါရစေနဲ့။
တခြုံကွယ် တမယ်မေ့ရအောင်
နေ့တွက်မစီသရွေ့
ရမ္မက်သက်သက်နဲ့ ထပ်တိုး
မင်းကိုငါမြတ်နိုး...
တန်ဘိုးဖြတ်ခဲ့တာ မဟုတ်ဘူး။
အသွားအပြန်မရှိတဲ့ မေတ္တာမှာ
မမြင်သာတဲ့ သံယောဇဉ်တွေက
လူတကာနဲ့ ပျော်ပါးကောင်းတဲ့
ကုတင်အဟောင်းတလုံးလဲ မဟုတ်ခဲ့ဘူး။
ကောက်ရိုးတမျှင်ထက်ကို
ပိုလို့ အကြင်နာကြီးရတဲ့ ငါက
မင်းမွှေးသွားတဲ့ မီးတမြိုက်မှာတင်
အကြိမ်ကြိမ် သေပွဲဝင်ခဲ့ရပြီးပါပြီ။
ရှိလက်စသစ္စာတွေကပဲ
နောက်ထပ်နှစ်ဘဝစာ...
ငါ့မှာဘာကျန်သေးတော့လို့လဲ။
ဒါတော့မလုပ်ပါနဲ့ကွာ...
လူကြီးပီပီသသ နေနေရတာကိုက
ပင်ပမ်းလွန်းလှပါပြီ။
သတိထားပါ
မနက်ဖြန်တွေ အများကြီးနဲ့
ကြီးပြင်းလာမယ့် အနာဂတ်မှာ
အခမဲ့ ခံစားရသမျှက
ဘာမှ အရာထင်ကျန်ခဲ့တာ မဟုတ်ဘူးလို့
မင်းမထင်နဲ့။
အပေါ်ယံ အရေပါးနေတဲ့
ခပ်ထူထူ လူကောင်တွေရဲ့
မြူဆွယ်ဘာသာစကားတွေကြားမှာ
ရာဘာသားတွေ ပေါလွန်းတယ်။
ဇော်မျိုးလွင်
၂၀၁၀ မြန်မာ့ဖလား
၂၀၁၀ မြန်မာ့ဖလား
မှောင်ကြီးမည်းထဲမှာ
ရောင်တော်ပြန်နဲ့ ရောလွှတ်ရင်း
လွတ်ကျွတ်ထွက်လာတဲ့ အခွင့်အရေးကို
လူကျွံဘောဖမ်းသတဲ့။
ပြီးတော့ ပယ်နယ်တီ
လူတွေ ရယ်လိုက်ကြတာ
သောက်သောက်လဲ။
ခြံဝင်းတံခါး
အလုံပိတ်ခံထားရတဲ့
တိုက်စစ်မှူးခမျာ
တသင်းလုံး အနီကတ်ပြ
ဂိုးသမားမကျန်
အထုတ်ခံရသလို။
ငိုစားရယ်စား
ကွင်းလယ်ထဲကဒိုင်
လက်ထဲကိုင်ထားတဲ့
ဝီစီတဖက် ဘောလုံးတဖက်နဲ့
ဖမ်းသူမဲ့ ဂိုးပေါက်ထဲ
သူကိုယ်တိုင် အလွတ်တည်ကန်။
တကွင်းလုံးတိတ်ဆိတ်
မြတ်မရိတ်ထားတဲ့
အောင်ဆန်းဂရောင်းမှာ
ရေဒီယိုက ဝေဖန်သံတွေ
မကြားတချက် ကြားတချက်။
ရင်ကိုလာမှန်တဲ့
ပရိသတ်ရဲ့ ကြေကြေကွဲကွဲ
လက်ခုတ်သံတွေနဲ့။
ဆွမ်းခံကြွမရတဲ့
တောရကိုယ်တော်တွေ
သက်ပြင်းချသံ။
တိုက်ရိုက်လွှင့်ပြီဆိုမှ
အဝေးကလှမ်းလောင်းနေကြတဲ့
လူအတွေတချို့
အိပ်မက်ဆိုးမက်နေဆဲ။
မိုးလဲလင်းလုပြီ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ဇော်မျိုးလွင်
မှောင်ကြီးမည်းထဲမှာ
ရောင်တော်ပြန်နဲ့ ရောလွှတ်ရင်း
လွတ်ကျွတ်ထွက်လာတဲ့ အခွင့်အရေးကို
လူကျွံဘောဖမ်းသတဲ့။
ပြီးတော့ ပယ်နယ်တီ
လူတွေ ရယ်လိုက်ကြတာ
သောက်သောက်လဲ။
ခြံဝင်းတံခါး
အလုံပိတ်ခံထားရတဲ့
တိုက်စစ်မှူးခမျာ
တသင်းလုံး အနီကတ်ပြ
ဂိုးသမားမကျန်
အထုတ်ခံရသလို။
ငိုစားရယ်စား
ကွင်းလယ်ထဲကဒိုင်
လက်ထဲကိုင်ထားတဲ့
ဝီစီတဖက် ဘောလုံးတဖက်နဲ့
ဖမ်းသူမဲ့ ဂိုးပေါက်ထဲ
သူကိုယ်တိုင် အလွတ်တည်ကန်။
တကွင်းလုံးတိတ်ဆိတ်
မြတ်မရိတ်ထားတဲ့
အောင်ဆန်းဂရောင်းမှာ
ရေဒီယိုက ဝေဖန်သံတွေ
မကြားတချက် ကြားတချက်။
ရင်ကိုလာမှန်တဲ့
ပရိသတ်ရဲ့ ကြေကြေကွဲကွဲ
လက်ခုတ်သံတွေနဲ့။
ဆွမ်းခံကြွမရတဲ့
တောရကိုယ်တော်တွေ
သက်ပြင်းချသံ။
တိုက်ရိုက်လွှင့်ပြီဆိုမှ
အဝေးကလှမ်းလောင်းနေကြတဲ့
လူအတွေတချို့
အိပ်မက်ဆိုးမက်နေဆဲ။
မိုးလဲလင်းလုပြီ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ဇော်မျိုးလွင်
Sunday, June 27, 2010
Wednesday, June 23, 2010
ရွှေကဗျာ
ရွှေကဗျာ
စိတ်ရဲ့စေရာကို
ခစားနေရတဲ့လူသားတွေ။
မက်မောတွယ်တာမှုနဲ့
ရယူပိုင်ဆိုင်လိုစိတ်တွေကတဖွားဖွား
ဒီကြားထဲ ပွားသွားတဲ့
နေရင်းထိုင်ရင်း စကားလုံးများက
သောက်မကုန် မြိုမခမ်း။
အဘက်ဘက်က
အသွားမြမြချွန်တဲ့ နံမည်တွေနဲ့
သေတာထက်ဆိုးမယ့် ဒဏ်ရာတွေ
ခြေမနဲ့တော့ ကော်မထုတ်လိုက်ပါနဲ့
တနေ့သေရမှာကို လူတိုင်းသိသလို
မင်းချစ်တာကိုလဲ ငါသိတယ်။
ရွှေရယ် ငွေရယ် ကလေးရယ်နဲ့
ပတ်လည်ဝိုင်းနေတဲ့ အစိမ်းသရဲတွေကြား
ရှုပ်ပွပေရေနေတဲ့ လောကသေးသေးလေးထဲမှာ
ကိုယ်ဟာ ဘာကောင်မှ မဟုတ်သလို
အလိုတူအောင်လဲ အားမထုတ်နိုင်ခဲ့ဘူး။
အဲဒါ...
ဘုရားစူး ချစ်ကြတာတဲ့လေ
တန်ဘိုးထပ်ခဲ့တာတွေ မြေမကျစေနဲ့
ဝေလို့ရသမျှ တယောက်တဝက်က
ဘယ်လောက်ထိ ရေစိမ်ခံမတဲ့လဲ။
ဝေးသွားမှ
ကျန်ရစ်ရမယ့် စေတနာတွေနဲ့
ပါးရိုက်ခံလိုက်ရတဲ့ သစ္စာတွေအတွက်
လူရှေ့မှာ ကလေးနို့လှန်တိုက်သလို
နားကိုက်လိုက်ကြပါ။
ဘယ်တယောက် ညာတယောက်နဲ့
မဏ္ဍပ်ကြီးလဲ ဝက်ဝက်ကွဲ
ပြဲရာချုပ်ရာတွေ ဗရပွ
ဂီလာနဘာဝနာ ဆိုတာက
မျက်မမြင် ချွင်ချွင်မြည်တိုင်း
ရွှေထင်တဲ့အမျိုး။
အစစ်တွေ ရေနစ်နေချိန်မှာ
မယူလို့ မရကောင်းတဲ့ သီလတွေနဲ့
အရင်တယောက်တုန်းကလို
ဆန်ပေးမှ ဆေးရမယ့်ဝါဒက
ရေမြေတဆုံး ကမ္ဘာသုံးဖြစ်ခဲ့ပြီ။
ဇော်မျိုးလွင်
စိတ်ရဲ့စေရာကို
ခစားနေရတဲ့လူသားတွေ။
မက်မောတွယ်တာမှုနဲ့
ရယူပိုင်ဆိုင်လိုစိတ်တွေကတဖွားဖွား
ဒီကြားထဲ ပွားသွားတဲ့
နေရင်းထိုင်ရင်း စကားလုံးများက
သောက်မကုန် မြိုမခမ်း။
အဘက်ဘက်က
အသွားမြမြချွန်တဲ့ နံမည်တွေနဲ့
သေတာထက်ဆိုးမယ့် ဒဏ်ရာတွေ
ခြေမနဲ့တော့ ကော်မထုတ်လိုက်ပါနဲ့
တနေ့သေရမှာကို လူတိုင်းသိသလို
မင်းချစ်တာကိုလဲ ငါသိတယ်။
ရွှေရယ် ငွေရယ် ကလေးရယ်နဲ့
ပတ်လည်ဝိုင်းနေတဲ့ အစိမ်းသရဲတွေကြား
ရှုပ်ပွပေရေနေတဲ့ လောကသေးသေးလေးထဲမှာ
ကိုယ်ဟာ ဘာကောင်မှ မဟုတ်သလို
အလိုတူအောင်လဲ အားမထုတ်နိုင်ခဲ့ဘူး။
အဲဒါ...
ဘုရားစူး ချစ်ကြတာတဲ့လေ
တန်ဘိုးထပ်ခဲ့တာတွေ မြေမကျစေနဲ့
ဝေလို့ရသမျှ တယောက်တဝက်က
ဘယ်လောက်ထိ ရေစိမ်ခံမတဲ့လဲ။
ဝေးသွားမှ
ကျန်ရစ်ရမယ့် စေတနာတွေနဲ့
ပါးရိုက်ခံလိုက်ရတဲ့ သစ္စာတွေအတွက်
လူရှေ့မှာ ကလေးနို့လှန်တိုက်သလို
နားကိုက်လိုက်ကြပါ။
ဘယ်တယောက် ညာတယောက်နဲ့
မဏ္ဍပ်ကြီးလဲ ဝက်ဝက်ကွဲ
ပြဲရာချုပ်ရာတွေ ဗရပွ
ဂီလာနဘာဝနာ ဆိုတာက
မျက်မမြင် ချွင်ချွင်မြည်တိုင်း
ရွှေထင်တဲ့အမျိုး။
အစစ်တွေ ရေနစ်နေချိန်မှာ
မယူလို့ မရကောင်းတဲ့ သီလတွေနဲ့
အရင်တယောက်တုန်းကလို
ဆန်ပေးမှ ဆေးရမယ့်ဝါဒက
ရေမြေတဆုံး ကမ္ဘာသုံးဖြစ်ခဲ့ပြီ။
ဇော်မျိုးလွင်
Subscribe to:
Posts (Atom)